ကျွန်တော်ရယ်
မျှော်လင့်ချက်ကလေးတွေရယ်
အခုတော့ ဖျားပြီပေါ့
အမှတ်တမဲ့ပါလေ
ဘယ်သူမှလက်ကမ်းပြီးခေါ်ခဲ့တာမဟုတ်ပါဘူး
ကံဆိုတာ ကစဉ့်ကလျားနဲ့
ကျွန်တော်ကတိုးဝင်ခဲ့တာပါ
နူးနူးညံ့ညံ့လေးပါဘဲ ကျွန်တော်နှုတ်ဆက်ချင်မိတယ်
အချစ်ကတိတ်တိတ်ကလေးပါဘဲ မျက်ရည်ဖွဲစေခဲ့တာ
သတိတရရှိတဲ့နေ့တွေက ရှိမြဲအတိုင်းပါ
ကံတရားရယ်
ဘာကြောင့်များ သိမ်ငယ်မှု အနာတရဖြစ်မှု အထီးကျန်မှုတွေ
ကျွန်တော့်ဆီပုံချရတာလဲ
နောက်ဆုံးတော့လည်းလေ....................................။ ။
နေပိုင်- 14.aug.2011